Sunday, November 11, 2012

ပန်းခြံထဲကဇာတ်လမ်း



ပန်းခြံအထဲရှိ ချုံကွယ်တစ်ခုအနားမှဖြတ်သွားစဉ်
စကားပြောသံများကြားရသည်။

မိန်းမ - မောင်... ခင် ဆာနေပြီကွာ.. ။
ယောက်ျား - ခဏလေး မောင်ထုတ်လိုက်ဦးမယ်။

မိန်းမ - မောင်.. ဂျိုးကော..။
ယောက်ျား - အထဲမှာလေ.. အောက်မှာလှန်ကြည့်လိုက်..

မိန်းမ - မောင့်ဂျိုးက ပျော့တောင်နေပြီ။
ယောက်ျား - နည်းနည်းကြာသွားလို့ပါကွာ..။

မိန်းမ - ပေး.. ပေး.. ခင်ဒါကို ကိုင်ထားမယ်..။
ယောက်ျား - သေချာကိုင်ထားဦး.. ဟာ... ပေကုန်ပြီကွာ...

ချုံလေးကို ကျော်၍ကြည့်လိုက်သောအခါ...
မိန်းမတစ်ယောက်၏လက်ထဲတွင် အနည်းငယ်မှောက်၍ လျော့နေသော ကော်ဖီခွက်နှင့် ယောက်ျားတစ်ယောက်၏လက်ထဲတွင် ဆီထမင်းထုပ်ကို တွေ့ရတော့သည်...

No comments:

Post a Comment