Tuesday, August 5, 2014

ကွန်ပြူတာကို ဟန်းဆက်ကနေ အသုံပြုခြင်း(Remote Desktop)

ကွန်ပြူတာကို ဟန်းဆက်ကနေ အသုံပြုခြင်း ဆိုလို့  Remote desktop ပါပဲ အရင်တုန်းကတော့ ကွန်ပြူတာကနေ သုံးခဲ့ကြတယ်။ ကျွန်တော်တို့အပါဝင်ပေါ့ ။ networking ဆရာတွေကတော့သိလောက်ရောပေါ့ နော်ပြောတဲ့အထဲ မပါဘူးနော်။အဲဒါကို သတိရတာနဲ့ ဟန်းဆက်လည်းရနိုင်တာပဲ ဆိုပြီ ရှာကြည့်လိုက်တယ် ပထမတစ်စုံ တော့ မအောင်မြင်ခဲ့ဘူး အဲ အောင်တော့အောင်မြင်ပါတယ် ဒါပေမဲ့ သူက resolution 1024x768 နဲ့ဆို အဆင်ပြေတယ် အခြား resolution နဲ့ဆို အဆင်မပြေပြန်ဘူး အခုဟာကြတော့လည်း အဆင်ပြေလွန်းပြန်ရော ဘာလို့လဲဆိုတော့ wifi နဲ့ပဲ ချိပ်ချိပ် bluetooth နဲ့ပဲချိပ်ချိပ် အဆင်ပြေတယ် နော့ဟာက bluetooth မပါတော့ မစမ်းလိုက်ရဘူး wifi နဲ့တော့ အဆင်ပြေတယ် resolution လဲနိုင်တယ်။ bluetooth လည်းရမယ်ထင်ပါတယ်။

နောက်ပြီး ကောင်းတဲ့အချက်ကတော့ အကုန်လုံး လုပ်လို့ရတဲ့အချက်ပဲ သီချင်းပဲဖွင့်ဖွင့် စာပဲရိုက်ရိုက် အဆင်ပြေတယ် သူများ ကိုယ့်ကွန်ပြူတာ သုံးနေတယ်ဆိုရင်တောင် ဟန်းဆက်ကနေ ထိုင်ကြည့်ရုံပဲ။ တခုရှိတာက ဗွီဒီယိုဖိုင်ဖွင့်တဲ့အခါ ဟန်းဆက်ကပဲ မလိုက်နိုင်တာလားမသိ နည်းနည်းထစ်တယ်။
software နာမည်က remote desktop ပါပဲ 
လိုအပ်တဲ့ဆော့ဝဲတွေက 1. remote desktop.apk  ။ 2. PC Peregrinato.apk
3. pcperegrinato-setup တွေပါပဲ။

ဒေါင်းပြီးရင် apk နှစ်ခုကို မိမိဟန်းဆက်မှာ install လုပ်ပါ remote desktop icon က ပျောက်သွားပါလိမ့်မယ်  3. pcperegrinato-setup ကို ကွန်ပြူတာမှာ install လုပ်ပါ ပြီးရင်ဖွင့်လိုက်ပါ အောက်ကပုံတိုင်းပေါ့

အနီရောင်ပြထားတဲ့ ip address ကိုမှတ်ထားပါဦး
မိမိဟန်းဆက်က  PC Peregrinato ကိုဖွင့်လိုက်ပါ


နောက်ပြီး wifi /lan ကိုအမှန်ခြစ်ပြီးဖွင့်လိုက်ပါ

အထက်က ပုံတိုင်းပေါ်လာရင်တော့ add new connection ကိုနှိပ်ပြီး အောက်ပါပုံအတိုင်း ဖြည့်လိုက်ပါ ဒါက ဥပမာနော် ကျွန်တော့်ကွန်ပြူတာမှာပြတဲ့ ip မို့ဒီလို ဒီလိုရေးရတာ မိမိကွန်ပြူတာမှာပြတဲ့ ip ကိုမိမိသာ ထည့်ရမှာဖြစ်ပါတယ် အထက်မှာ အနီရောင် ပြထားတာကို သတိရပါ
ပြီးရင် done ပေါ့ ချိပ်မိရင် localhost ရဲ့အောက်မှာ နောက်ထပ်က icon တခုပေါ်လာပါလိမ့်မယ် အောက်ကတိုင်းပေါ့
back တချက် နောက်ဆုတ်လို့ အောက်ကပုံအတိုင်းပေါ်လာလျှင် အထက်ပုံအတိုင်းအမှန်ခြစ်ဖြစ်အောင်လုပ်ခဲ့ပါ။
ဒါကြောင့် back လုပ်တဲ့အခါ wifi/lan နားမှာရှိတဲ့ < လေးနဲ့ back လုပ်ပါ connect ကနေ remotes ကိုပြောင်းပါ အောက်ပါအတိုင်းပေါ်လာပါလိမ့်မယ်
အထက်ပါ ပုံအတိုင်းပေါ်လာရင်တော့ remote desktop ကိုနှိပ်လိုက်ရင် အောက်ပါအတိုင်း မိမိ ကွန်ပြူတာ မြင်ရပါလိမ့်မယ်
ဒါက screen ထောင်ထားလို့ပါ အခြမ်းလောက်ပဲ မြင်ရမယ် တခြမ်းဆိုတာ တပြိုင်နက်တည်းဆိုလိုတာပါ ဘေးကို ပွတ်ဆွဲလိုက်ရင်အကုန်လုံးကြည့်လို့ရပါတယ် တပြိုင်နက်တည်း ကြည့်ချင်ရင်တော့ လှဲ ထားရတော့မှာပေါ့
ဟန်းဆက်မှာပေါ်တဲ့ပုံပါ
ကွန်ပြူတာမှာဆိုရင်တော့ နှိုင်းယှဉ်ကြည့်ပါ နည်းနည်းလေးပဲ လိုပါလိမ့်မယ်
အားလုံးပဲ အဆင်ပြေကြပါစေဗျာ

No comments:

Post a Comment